ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
မွေးကင်းစကလေးငယ်များအား
မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း မည်သူမဆို လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရမည်။
(၂)ကီလိုဂရမ်အောက်
ကလေးကို ဆေးပေးခန်း/ ဆေးရုံသို့ ချက်ချင်းလွှဲပေးရမည်။
ဖြည့်စွက်စာကျွေးရင်း
မိခင်နို့ကို ကလေးအသက်(၂)အထိဆက်၍ တိုက်ပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
အဟာရမျှတစေရန်
နေ့စဉ်စားသုံးသည့် အကြိမ်တိုင်းတွင် အစာအုပ်စု (၃)စုလုံး ပါဝင်အောင်စားပါ။
နို့တိုက်မိခင်သည်
မလိုအပ်ဘဲ အစာရှောင်လွန်းလျှင် မိခင်နို့တွင် ဗီတာမင် ဘီဝမ်း (Vitamin B1) ချို့တဲ့သဖြင့်
နို့စို့ကလေးသည် သူငယ်နာဘယ်ရီဘယ်ရီ (Infantile Beri Beri) ရောဂါကြောင့် ရုတ်တရက်အသက်ဆုံးရှုံးရတတ်သည်။
အစားအစာသန့်ရှင်း
ရောဂါကင်း။ သောက်သုံးရေကို ကလိုရင်းခတ်နိုင်ရန်အတွက် ကျန်းမာရေးဌာနနှင့် ဆက်သွယ်ပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
သန္ဓေသားဘဝမှစ၍
သက်ကြီးရွယ်အိုဘဝအထိ အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ မှီဝဲကြရမည်။
အာဟာရချို့တဲ့ခြင်းကြောင့်
ကျောင်းနေအရွယ် ကလေးများတွင် ကြီးထွားမှုနှုန်း နှေးကွေးခြင်း၊ အရပ်ပုခြင်း၊ သွေးအားနည်းခြင်း၊
ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
ဆယ်ကျော်သက်
လူငယ်ထုတစ်ရပ်လုံး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် မိဘဆရာ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူတစ်ရပ်လုံးနှင့်
ဆယ်ကျော်သက် လူငယ်ထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ချက်ချင်းကလေးပြန်ယူရန်
အစီအစဉ်မရှိပါက သားဆက်ခြားနည်းလမ်း တစ်ခုခုကို သုံးပါ။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူ
အားလုံးမှ ကျား၊မ အခြေပြု အကြမ်းဖက်မှုခံစားရသူများအား နားလည်စာနာမှုဖြင့် ဆက်ဆံကာ
ပြည့်စုံစွာ ကုသစောင့်ရှောက်ပေးပြီး အခြားအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းချိတ်ဆက်
ဆောင်ရွက်ပေးခြင်းဖြင့် အကောင်းဆုံးကူညီပံ့ပိုးကြရန်လိုအပ်ပါသည်။
မိမိဆန္ဒအရ ဆေးကုသမှုရပ်တန့်ခြင်းအား လုံးဝမပြုလုပ်သင့်ပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ပြင်းထန်သောလက္ခဏာရှိက
အသက်ဆုံးရှုံးမှုမှ ကာကွယ်ရန် ရောဂါဖြစ်ပွားလျှင် ဖြစ်ပွားချင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့
သွားရောက်၍ ကုသမှုခံယူပါ။
တီဘီရောဂါသည်
စနစ်တကျကုသပါက ပျောက်ကင်းနိုင်ပါသည်။
လူနာနှင့် လူနာ၏
အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
စောစီစွာ ရောဂါရှာဖွေစစ်ဆေးခြင်း
နှင် ထိရောက်သော ကုသမှုချက်ချင်းပေးနိုင်ရန်
လိုအပ်ပါသည်။
ပြင်းထန်ငှက်ဖျားရောဂါလူနာမှာ
အရေးပေါ်ကုသပေးရန်လိုအပ်ပြီး ဆေးရုံးသို့ ချက်ချင်းလွှဲပြောင်းပေးရန် အရေးကြီးပါသည်။
ငှက်ဖျားပိုးတွေ့လူနာတွေ့ရှိပါက
ရောဂါကူးစက်မှု ရာဇဝင်အားလေ့လာ၍ ရောဂါကူးစက်မှု ဖြတ်တောက်ရန် နီးစပ်ရာ ကျန်းမာရေးဌာနသို့
အကြောင်းကြားရန် လိုအပ်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
မိဘများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအနေနှင့်
တုပ်ကွေးဖျား (အထူးသဖြင့် ကလေးသူငယ်များ) ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေကို
အစဉ်အမြဲ ထည့်သွင်းစဉ်းစာရပေမည်။ ရာသီတိုင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်တတ်သည်။
ရာသီတုပ်ကွေးရောဂါဖြစ်ပွားပါက
ရောဂါလက္ခဏာပြင်းထန်စွာ ခံစားနေရသူများ၊ အသက်ကြီးသူများ၊ နာတာရှည်ရောဂါသည်များအား နီးစပ်ရာဆေးရုံဆေးခန်းများနှင့်
ကျန်းမာရေးဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျ ဆေးကုသမှုခံယူကြရန်နှင့် အခြားသူများသို့
ရောဂါကူးစက်မှု မရှိစေရေအတွေက် ဂရုပြုနေထိုင်ကြရန် လိုအပ်ပါသည်။
ကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်
ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ရောဂါဖြစ်ပွား
ကူးစက်လျက်ရှိသော နိုင်ငံများမှ မိမိနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်
(၁၄)ရက်အတွင်း သံသယရောဂါလက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံး၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့
ချက်ခြင်းသတင်းပို့၍ ရောဂါကာကွယ်ကုသ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ကူးစက်လွယ်သော ရောဂါဖြစ်၍ ဆေးရုံးဝန်ထမ်းများအနေဖြင့်
လူနာပြုစု ကိုင်တွယ်ရာတွင် အထူးဂရုပြုရန် လိုအပ်ပါသည်။
ဇီကာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားသော နိုင်ငံများသို့ သွားရောက်ခဲ့သူများတွင်
သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ခွေးရူးပြန်ရောဂါ
ဖြစ်ပွားပါက ရာနှုန်းပြည့် သေဆုံးနိုင်ပါသည်။
အချိန်မီ ကာကွယ်ဆေးထိုးခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်သည်။
မသင်္ကာဖွယ်
အနာကြီးရောဂါ လက္ခဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာန (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းကို
အမြန်ဆုံး ပြသဆွေးနွေးရန် အရေးကြီးပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
မိခင်နို့ရည်မှသော်လည်းကောင်း၊
အစားအစာ၊ ရေ၊ သာမန်ပွေ့ဖက်ခြင်း၊ နမ်းရှုုံခြင်းစသညတို့မှ မကူးစက်တတ်ပါ။
ကမ္ဘာပေါ်တွင်
အသည်းရောင်အသားဝါ (စီ) ပိုး ကာကွယ်ဆေးမရှိသေးပါ။
အသည်းရောင်
အသားဝါရောဂါ (အီး) အတွက် ကာကွယ်ဆေးမရှိသေးပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
မျက်စိနာရောဂါကာကွယ်ရန်
ပြည်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ခြင်း၊ လက်ကိုဆပ်ပြာဖြင့်
စင်ကြယ်စွာဆေးကြောခြင်းနှင့် ရောဂါဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင်
ဆောလျင်စွာပြသ၍ စနစ်တကျဆေးကုသမှုခံယူကြရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင်
အဖြစ်များသော နာတာရှည်ရောဂါ(၄)မျိုးရှိပါသည်။
(၁) နှလုံးသွေးကြောရောဂါ
(၂) ဆီးချိုသွေးချိုရောဂါ
(၃) ကင်ဆာရောဂါ
(၄) နာတာရှည်အဆုတ်ရောဂါ
မကူးစက်နိုင်သော
ရောဂါများအာ်းကာကွယ်ရန် ကျန်းမာရေနှင့်ညီညွတ်သော နေထိုင်စားသောက်မှု အလေ့အထများကို
လိုက်နာကျင့်သုံး သင့်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
အသက်(၄၀)ကျော်သူများ
အနေဖြင့် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါများဖြစ်ပွား နေမှု ရှိ/မရှိ ပုံမှန်စစ်ဆေးသင့်ပါသည်။
ဆီးချိုသွေးချိုရောဂါကို
အမြစ်ပြတ်အောင် ကုသ၍မရပါ။ ဆရာဝန်နှင့်ပြသ၍ သွေးချိုမှန်မှန်စစ်ဆေးရန် လိုအပ်ပါသည်။
စနစ်တကျနေထိုင်စားသောက်ပြီး ကျွမ်းကျင်သူများနှင့် ဆေးကုသမှုခံယူပါက သက်တမ်းစေ့နေထိုင်နိုင်ပါသည်။
ဆီးချိုသွေးချိုရောဂါရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို ကုထုံးတစ်ခုအနေဖြင့်
ပုံမှန်ဆောင်ရွက်သင့်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
လေဖြတ်ရောဂါလက္ခဏာများပေါ်လာချိန်မှ
တတ်နိုင်သမျှ စောစီးစွာကျွမ်းကျင်သူတို့၏ ထိရောက်သော စမ်းသပ်ကုသပေးမှုပေးမှုရရှိရန်
လိုအပ်ပါသည်။ စောစောကုလျှင် ပို၍အကျိုးရှိပါသည်။
လေဖြတ်ရောဂါကို စောစီးစွာသိ၍ အချိန်မီထိရောက်စွာကုသနိုင်လျှင် အသက်ကယ်နိုင်ပါသည်။
ရောဂါဖြစ်ပွားမှုကိုသိရှိပါက
ကျန်းမာရေးဝန်ထမ်းနှင့် ဆောလျင်စွာပြသ၍ပုံမှန် စစ်ဆေးကုသမှု ခံယူသင့်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ကျန်းမာရေးစစ်ဆေးမှု
ပုံမှန်ပြုလုပ်ပါ။ ကင်ဆာရောဂါလက္ခဏာများကို တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းများနှင့်
တိုင်ပင်ဆွေးနွေးပါ။
အဆုတ်ကင်ဆာရောဂါမဖြစ်ရန်
အကောင်းဆုံးကာကွယ်နည်းမှာ ဆေးလိပ်လုံးဝမသောက်ရန် ပင်ဖြစ်သည်။
သံသယရှိဖွယ်
အကျိတ်အဖုတွေ့လျှင် တတ်ကျွမ်းသူဖြင့် ပြသစစ်ဆေးပါ။ ရင်သားကင်ဆာကို ဆောလျင်စွာသိရှိပါက
ပျောက်ကင်းအောင် ကုသနိုင်သည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
မော်တော်ဆိုင်ကယ်စီးတိုင်း
မော်တော်ဆိုင်ကယ်မောင်းနှင်းသူ၊ လိုက်ပါစီးနင်းသူ မည်သူမဆို ဆိုင်ကယ်ဦးထုပ်ဆောင်းပါ။
ကားမောင်းတိုင်း ထိုင်ခုံခါးပတ်ဝတ်ပါ။
အရက်စွဲရောဂါဖြစ်ပွားပါက
စိတ်ကျန်းမာရေးဆေးရုံနှင့် ကုသရေးဌာနများတွင် စနစ်တကျ ကုသမှုခံယူရန် လိုအပ်ပါသည်။
စီးကရက်အပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်ကုန်ပစ္စည်းများကဲ့သို့ ကျန်းမာရေးကို
အလွန်ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသဖြင့် E-စီးကရက်သုံးစွဲခြင်းမှ လုံးဝ(လုံးဝ) ရှောက်ကြဉ်ကြပါရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ဘေးအန္တရာယ်အခြေအနေများ၌
ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်မှာ အရေးကြီးသကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ
ဘေးကင်းလုံခြုံရေးမှာလည်း ပိုမိုအရေးကြီးသဖြင့် ဘေးကင်းလုံခြုံရေး ဂရုပြုရမည်ဖြစ်ပါသည်။
အပူဒဏ်အန္တရာယ်ခံစားရသော
လူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓါတ်ဆားရည်များ
သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား(၂)ဖက်နှင့်
ပေါင်ခြံ(၂) ဖက်တို့အား ရေအေးအဝတ်တိုက်ပေးခြင်း စသည်တို့ ဦးစွာဆောင်ရွက်၍ နီးစပ်ရာ
ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
အားကစားနှင့်ကာယပညာ ဦီးစီးဌာနအောက်ရှိ နိုင်ငံတစ်ဝှမ်းမှ အားကစားကွင်း/ရုံ များအား
ပြည်သူများ မည်သူမဆို အခမဲ့ဝင်ရောက် အားကစားပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းဆောင်ရွက်ခြင်းများ
ပြုလုပ်နိုင်ပါသည်။
ရောဂါကာကွယ်ခြင်း၊
ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ခြင်းလုပ်ငန်းများတွင်
ဆေးဝါးမပါ အကုန်အကျသက်သာပြီး မိမိကိုယ်တိုင်ဆောင်ရွက်နိုင်သော လုပ်ငန်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဖြစ်ပါသည်။
ဖဝါး၊ ဖမိုး
လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မချန်ရ ကုတ်၍ခြစ်ပါ လက်ဆေးပါ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ
ဆေးဝါးများသည် အလွယ်တကူ ဝယ်ယူသုံးစွဲအပ်သော အရာများမဟုတ်သဖြင့် ဝယ်ယူရာတွင် တတ်ကျွမ်းသူ၏
ညွှန်ကြားချက်ဖြင့် ဝယ်ယူခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။
စပ်ဆေးများသောက်သုံးခြင်းသည်
ရောဂါလက္ခဏာကို ခေတ္တသာလျှင် သက်သာစေနိုင်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသမှုခံယူခြင်းမဟုတ်သည့်အတွက်
ရောဂါအခြေအနေပိုမိုဆိုးရွားနိုင်ရာမှ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါသည်။
ပိုးသတ်ဆေးအဆိပ်သင့်လျှင်
နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားပါ။ ပိုးသတ်ဆေးဘူးကို ပါဆေးရုံသို့ ယူဆောင်သွားပါ။